International News

တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းဇုန်တည်ဆောက်မှုအား စတင်လိုက်ပြီဖြစ် သည့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Last Updated:

မကြာသေးမီက ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းဇုန်အား စတင်တည်ဆောက်လိုက် ပြီဖြစ်ပါသည်။ ၎င်းစီမံကိန်း၏ ပထမအဆင့်တွင် စင်တာ (၆) ခုနှင့် အခြေပြု နေရာတစ်ခုတည်ဆောက်ရေး သတင်းအချက်အလက်နည်းပညာ အသုံးပြုမှုတွင် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် ချဉ်းကပ်တည်ဆောက်သွားမည်ဖြစ်ပါသည်။   သတင်းအချက်အလက် နည်းပညာတီထွင်ဆန်းသစ်မှုများကို အသုံးပြုရေးအတွက် “whole industry + adaptation” ချိတ်ဆက်မှုတစ်ရပ် ဖြစ်ပေါ်လာရန် ဟွာဝေး Kunpeng System ၊ China Electronics PKS Systemနှင့် CENC၏ ecological enterprises များကို မိတ်ဆက်သွားမည်ဖြစ်ကြောင်းသိရပါသည်။  ထို့ပြင် သတင်းအချက်အလက်နည်းပညာ ဆန်းသစ်တီထွင်မှုများကို အသုံးပြုရေးအတွက်ကောလိပ်များနှင့် ပါရဂူဘွဲ့လွန်သုတေသနစင်တာများ ကိုလည်း ကျွမ်းကျင်သူများ လေ့ကျင့်ပေးသည့်စနစ်တစ်ရပ်  တည်ဆောက်ရန်  မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ 

ဤစီမံကိန်းအား ကွမ်ရှီးရင်းနှီးမြှုပ်နှံမှုအုပ်စု၏ ဒစ်ဂျစ်တယ်ကွမ်ရှီးအုပ်စု၊ Institute of Information Engineering of Chinese Academy of Sciences နှင့် Huawei Technologies Co., Ltd.တို့က ပူးတွဲတည်ထောင်ခြင်း ဖြစ်ပါသည်။  ၎င်းဇုန်အား အခွန်သက်သာခွင့်များ၊ ပါရမီရှင်များအား မြေတောင်မြှောက်ပေးမှုများ၊ မတည်ငွေရင်းနှင့် အခြားမူဝါဒများဖြင့် အပြည့်အဝပံ့ပိုးပေးသွားမည်ဖြစ်သည့်အပြင် ၊ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေ၊ ကြွေးမြီနှင့် ငှားရမ်းခများအတွက် ကွမ်ရှီးရင်းနှီးမြှုပ်နှံမှုအုပ်စု၏ ဘက်စုံဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုနေသောအရည်အသွေး မြင့်ဝန်ဆောင်မှုများနှင့် ဇုန်အတွင်းသို့ ဝင်ရောက်လာမည့်လုပ်ငန်းများအား တက်ကြွစွာပံ့ပိုး ပေးသွားမည်ဖြစ်ပါသည်။

လက်ရှိအချိန်၌ ၎င်းဇုန်အတွင်းသို့ ဝင်ရောက်လုပ်ငန်းထူထောင်လိုသော လုပ်ငန်းပေါင်း (၆၀) ကျော်ရှိပြီး၊ လုပ်ငန်း (၃၀) နီးပါးက ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားကြပြီဖြစ်ပါသည်။ (၂၀၂၅) ခုနှစ်တွင် လုပ်ငန်းပေါင်း (၃၀၀) ကျော်က ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ်ငွေ (၁၀)ဘီလီယံကျော်ဖြင့် ၎င်းဇုန်အတွင်း ဝင်ရောက် အခြေချလုပ်ကိုင်လာကြကာ အလုပ်အကိုင်ပေါင်း (၂)သောင်းခန့် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်း ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ Nanning Daily (၂၉-၉-၂၀၂၀)

Category: International News